Saturday, May 11, 2013

ဆန္ဒ

အမေ ...
မိုးပေါ်က ကျတဲ့ မိုးရည်စက်လေးတွေက
စိန်ပွင့်လေးတွေ ဖြစ်မလာနိုင်ပေမယ့်
အမေ့ရဲ့ သွေးကဖြစ်တဲ့ နို့ရည်စက်တွေက
သားတို့အတွက် စိန်ပွင့်ထက်လင်းလက်တဲ့
ဘ၀တွေကို ဖြစ်စေတယ်အမေ
`` ချစ်တယ် `` ဆိုတဲ့ စကားလုံးထက်
လေးနက်တဲ့ စကားလုံးသာ
ရှိခဲ့မယ်ဆိုရင်
အမေ့ကို အရင်ဆုံး သားပြောပြချင်လိုက်တာ
အမေ့ကို `` .............`` လို့
ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရမယ်ဆိုရင်လေ
အမေ့ရဲ့ နို့တစ်စက် သားဖြစ်ချင်လိုက်တာ....
                                                                   ဓာတုကေသရာ

No comments:

Post a Comment