ဆရာဆိုတာ........
မြန်မာလူ့ဘောင် အဖွဲ့ အစည်းက ဆရာဟု ခေါ်ဆိုရာတွင် ဆရာဖြစ်သိပ္ပံ တစ်ခုခုကဆရာဖြစ် သင်တန်း ဆင်း လက်မှတ် တစ်ခု ရရုံဖြင့် ထိုသူကို ဆရာဟူ၍ မသတ်မှတ် ။ စာပေ သင်ကြားမှု အလုပ် ဖြင့် အသက်မွေးဝမ်းကျောင်း ပြုရုံမျှနှင့်လည်း ဆရာဟူ၍ မရည်ညွှန်း မခေါ်ဆို ။ မြန်မာ့ လှု့ဘောင်အဖွဲ့ အစည်း တွင် ဆရာဟူ၍ အမည်ခံ ထိုက်ရန် ခဲယဉ်း၏ ။
မြန်မာလူ့ဘောင်အဖွဲ့အစည်း မှ ဆရာမည်ထိုက်သူသည် မိမိ တတ်ကျွမ်းသော ပညာကို တပည့်တို့ အား ကြိုးစားသင်ကြားပေးရုံမျှ မက ....
၁။ ဆရာဟူသည် အကျင့်သီလနှင့် ပြည့်စုံ၍ အများက အလေးဂရုပြုအပ်သူလည်း ဖြစ်ရမည် ။
၂။ ဆရာဟူသည် သမာဓိနှင့် ပြည့်စုံ၍ အများက အလေးဂရုပြုအပ်သူလည်း ဖြစ်ရမည် ။
၃။ ဆရာဟူသည် ပညာနှင့် ပြည့်စုံ၍ ချီးမွမ်းဖွယ်ရာ ပုဂိုလ် လည်း ဖြစ်ရမည်။
၎။ ဆရာဟူသည် တပည့်များက ကိုယ်နှုတ်နှလုံး သုံးပါးတွင် တစ်ခုခုဖြင့် မသင့်မလျော် ပြုမူဆက်ဆံ ပြောဆိုတွေးဆ မှုများ ရှိပါက လျစ်လျူရှုမထားဘဲ လမ်းကောင်းလမ်းမှန် သို့ ပို့ဆောင် ပေးနိုင်သူ ဖြစ်ရမည်။
၅။ ဆရာဟူသည် မိမိ တပည့်များ ၏ အကျိုးစီးပွား ကို လိုလား၍ သည်းခံနိုင်သူ ၊ အမျက်ဒေါသ ကင်းသူ ဖြစ်ရန်လည်း လိုအပ်ပါသည်။
****စာရေးဆရာ ချစ်စံဝင်း၏ ....မြန်မာကျောင်းဆရာ- စာအုပ် စာမျက်နှာ ၁၀-၁၁ .....မှ****
ဆရာနှင့်ပတ်သက်၍ ရှေးစာဆို အကျော်အမော်များ ၏ ဖွဲ့ဆိုချက်များ .....
ဆရာတော် အရှင်မဟာသီလ၀ံသ ......
တိလောကဟု၊ မရနှိုင်းတူ
ဘက်မပြူသည် ၊ သုံးဆူ ရတနာ
မာတာပီတ ၊ ဆရာ စသား
အရှင်များ ..........ဟုဖွဲ့ဆိုခဲ့ပါသည် ။
မန်လည်ဆရာတော်ကြီး ......
ရှေးရှုမေတ္တာ ၊ ကရုဏာနှင့်
နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို ၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ၊ ဆုံးမ တတ်သူ
ဆရာဟူလော့........ဟု မာဃဒေ၀လင်္ကာ..မှာ ဆရာ တို့ ရဲ့ ဂုဏ်အင်္ဂါ ကို ဖေါ်ထုတ်ပါသည်။ ဆက်လက်ပြီး .....
ရိုသေချစ်ထိုက်
ချီးမွမ်းထိုက်နှင့် လွှဲရိုက်ဆုံးမ
မေးသမျှခံ ၊ ဓမ္မံနက်နဲ
ဟောနိုင်မြဲ၍ ကျိုးနည်းမတွန့်
ခုနှစ်ခန်း နှင့် ပြည့်လျှပ်ညီညာ
မြတ်ဆရာ.........ဟု ထပ်မံ ဖွဲ့ဆိုခဲ့ပါသည်။
သိင်္ဂါလောဝါဒ သုတ် တွင် ဆရာဝတ္တရား နှင့် ပတ်သက်၍
အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့
ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ ...ဟု ရေးသားထားပါသည်။

No comments:
Post a Comment