မေမေ . . .
ရင်ဖုံးအဖြူလေးနဲ့ မေမေ
လုံခြည်အစိမ်းလေးနဲ့ မေမေ
မြေဖြူလေးကိုင်လို့
အရမ်းကျက်သရေ ရှိလိုက်တာ မေမေရယ် . . .
မေမေ . . .
အလိမ္မာတွေပေးတဲ့ မေမေ
ပညာတွေပေးတဲ့ မေမေ
သားရှေ့မှမားမားရပ်လို့
မေတ္တာတွေ ကြီးမားလိုက်တာ မေမေရယ်
မေမေ . . .
အနွံတာခံတဲ့ မေမေ
အနစ်နာခံတဲ့ မေမေ
သားငယ်ကို ရင်ဝယ်ပိုက်လို့
နွေးထွေးမှုတွေ ပေးနေလိုက်တာ မေမေရယ် . . .
မေမေအတွက်
သားတစ်ယောက်ရဲ့ တာဝန် မကျေပြွန်ခဲ့တာ
တောင်းပန်ပါတယ် မေမေ . . .
တစ်ချို့က ပြောကြတယ်
အမေက ရဲ့ရင့်ခြင်းတွေ ပေးတယ်တဲ့ . . .
အမေက အားအင်းတွေ ပေးတယ်တဲ့ . . .
အမေက ကရုဏာတွေပေးတယ်တဲ့ . . .
အမေက စေတနာတွေ ပေးတယ်တဲ့ . . .
အမေက ဘေးကင်းလုံခြုံမှုတွေ ပေးတယ်တဲ့ . . .
သားအတွက်ကတော့
အမေက ဖြူစင်ခြင်းတွေ ပေးတဲ့
စိမ်းစိုခြင်းတွေ ပေးတဲ့
မှင်နီလေးတစ်ချောင်း ကိုင်ထားတဲ့ ဆရာမတစ်ယောက်ပါပဲ။
မေမေ့ရဲ့ သား
အာကာမျိုးအေး (နေသာ )
ရင်ဖုံးအဖြူလေးနဲ့ မေမေ
လုံခြည်အစိမ်းလေးနဲ့ မေမေ
မြေဖြူလေးကိုင်လို့
အရမ်းကျက်သရေ ရှိလိုက်တာ မေမေရယ် . . .
မေမေ . . .
အလိမ္မာတွေပေးတဲ့ မေမေ
ပညာတွေပေးတဲ့ မေမေ
သားရှေ့မှမားမားရပ်လို့
မေတ္တာတွေ ကြီးမားလိုက်တာ မေမေရယ်
မေမေ . . .
အနွံတာခံတဲ့ မေမေ
အနစ်နာခံတဲ့ မေမေ
သားငယ်ကို ရင်ဝယ်ပိုက်လို့
နွေးထွေးမှုတွေ ပေးနေလိုက်တာ မေမေရယ် . . .
မေမေအတွက်
သားတစ်ယောက်ရဲ့ တာဝန် မကျေပြွန်ခဲ့တာ
တောင်းပန်ပါတယ် မေမေ . . .
တစ်ချို့က ပြောကြတယ်
အမေက ရဲ့ရင့်ခြင်းတွေ ပေးတယ်တဲ့ . . .
အမေက အားအင်းတွေ ပေးတယ်တဲ့ . . .
အမေက ကရုဏာတွေပေးတယ်တဲ့ . . .
အမေက စေတနာတွေ ပေးတယ်တဲ့ . . .
အမေက ဘေးကင်းလုံခြုံမှုတွေ ပေးတယ်တဲ့ . . .
သားအတွက်ကတော့
အမေက ဖြူစင်ခြင်းတွေ ပေးတဲ့
စိမ်းစိုခြင်းတွေ ပေးတဲ့
မှင်နီလေးတစ်ချောင်း ကိုင်ထားတဲ့ ဆရာမတစ်ယောက်ပါပဲ။
မေမေ့ရဲ့ သား
အာကာမျိုးအေး (နေသာ )

No comments:
Post a Comment