
ဆရာကန်တော့ပွဲ နှင့် ပတ်သက်သည့် နေသာပညာဒါန ကျောင်းသား/ကျောင်းသူ များရဲ့ အမှတ်တရ စကားများကို ဖေါ်ပြ သွားပါမည်။ အတတ်နိုင်ဆုံးကြိုးစားပြီး ဆရာ/ဆရာမ များ၏ အမှတ်တရ စကားများကိုလည်း ဖေါ်ပြ နိုင်ရန် ကြိုးစားသွားပါမည်။ဖေ့စ်ဘုတ် ပေါ်မှ နေသာပညာဒါန ရဲ့ ကျောင်းသားကျောင်းသူ အပေါင်း ကိုလည်း
နေသာပညာဒါန ရဲ့ ဖေ့စ်ဘုတ် ဝေါ ပေါ်သို့ တက်ရောက် ရေးသားပေး ကြပါရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
၁။ ၂၀၀၈-၂၀၀၉ ကနေ မိသားစုဝင် တစ်ဦး အနေ နဲ့ ပါဝင်ခဲ့ ရတာ ယခုဆို (၅) နှစ်မြောက် ရှိလာပေါ့ ။ (၁၇) နှစ်တာကာလ အတွင်းက ညီတော် နောင်တော် တွေ ဆုံဆုံညီညီ တွေ့ စုံရ တဲ့ပွဲလေး မို့ ပျော်ရပါတယ်။ ဆရာ၊ဆရာမများကိုကန်တော့ရတာ ပျော်ရွှင်စရာတွေ ထဲက ပျော်စရာပါပဲ ။
ရန်နိုင်ထွန်း ။ နေသာပညာဒါနသင်တန်း (၂၀၀၉-၂၀၁၀ ) ။ A.G.T.I ဒုတိယနှစ် ၊ (၆/၄၇) အောင်မြေမာန်ရပ်ကွက် ၊ ကလေးမြို့ ။
***************************
၂။တစ်နှစ်တစ်ခါ ဆရာတွေ ကန်တော့ ရတာ ၀မ်းသာကြည်နူးရပါတယ်။ သူငယ်ချင်းဟောင်းတွေနဲ့လည်း ပြန်ဆုံရတာ မို့ နှစ်စဉ်မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ နောက်နှစ် ၊ နောက်နှစ် များစွာမှာလည်း သူငယ်ချင်းများစွာ နဲ့ ပြန်လည် ဆုံတွေ့ ချင်ပါတယ်။
မခိုင်ခိုင်င်း (၂၀၀၆-၂၀၀၇) ။ B.A (Eco) ၊ နေသာစာကြည့်တိုက်
*********************************************
၃။ (၁၇) ကြိမ်မြောက် ဆရာ ကန်တော့ပွဲ မှသည် နောင်နှစ်ပေါင်းများ စွာ ဆရာကန်တော့ပွဲ များ တိုင်သို့ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ ချင်လျှက် ။
Paye P Ko (2004-2005)
*************************
၎။ ဒီသင်တန်း မှာ (၃) နှစ်တာ ပညာသင်ကြားခွင့် ရတဲ့ အတွက် ၀မ်းသာပါတယ်။ နေသာကျောင်းသား ဖြစ်ရတာကိုလည်း ဂုဏ်ယူမိပါတယ်။ ဆရာများ ၏ ဂုဏ်ကျေးဇူးကို အောက်မေ့ လျှက် တစ်နှစ်တစ်ကြိမ် ကန်တော့ ရခြင်း ကြောင့် ၀မ်းသာပါတယ်။ အဝေး ရောက်သူငယ်ချင်းများ နှင့် ပြန်လည် တွေ့ဆုံ တွေ့ ရခြင်း ကြောင့်လည်း ၀မ်းသာပါတယ်။
မသင်းအိအိ (၂၀၀၉-၂၀၁၀) အင်္ဂလိပ်စာနောက်ဆုံးနှစ် ၊ အောင်မင်္ဂလာရပ်ကွက် ၊ဘောဂလမ်း (၅/၃၈) ၊ ကလေးမြို့ ။
**************************************
၅။ ဘ၀မှာ အမှတ်တရဆိုတာတွေဟာ ရှိစမြဲပါပဲ။ အဲဒီအထဲမှာမှ ငယ်ဘ၀ရဲ့ အမှတ်တရတွေဟာ ပိုပြီးလွမ်းဆွတ်တမ်းတဖို့ ကောင်းပါတယ်။ နေသာကျောင်းတော်ကြီးမှာ ဖြတ်သန်းခဲ့တဲ့ (၂)နှစ်တာ ကာလဟာလည်း အပါအ၀င်ပေါ့။
မောင်သန်းထွန်းအောင် (၂၀၀၇-၂၀၀၈)၊ အောင်မြေမာန်ရပ်ကွက်၊ ဇေယျာလမ်း၊ကလေးမြို့။
*************************************
၆။ ဘ၀တစ်ကွေ့၊ ခဏတွေ့စကား ဂယက်တစ်ခုဟာ အချိန်တန်ရင် ပြန်တည်ငြိမ်ပေးရတာပါပဲ။
မောင်အောင်မြင့်ဦး (၂၀၀၈-၂၀၀၉)၊ ဇေယျာလမ်း၊ အောင်မြေမာန်၊ ကလေးမြို့။
***************************************
၇။ အစဉ်အလာမပျက် ဆရာကန်တော့ပွဲကို ကျင်းပပေးတဲ့အတွက် ၀မ်းသာပါတယ်။
မောင် ပြည့်ဖြိုးအောင်၊ (၂၀၁၁-၂၀၁၂)၊ တက္ကသိုလ်ဝင်တန်းအောင်၊ ဗောဓိကုန်းလမ်း၊ အောင်မင်္ဂလာရပ်ကွက်။
***********************
၈။ နေသာမှာ (၂)နှစ်တာပညာသင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဆရာ၊ ဆရာမများရဲ့ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့လျက် နှစ်စဉ်နှစ်တိုင်း ကန်တော့ရတာကို ကျေနပ်မိပါတယ်။သူငယ်ချင်းတွေ/ Guideဆရာမတွေနဲ့ ပြည်လည်ဆုံတွေ့ရလို့လည်း ၀မ်းသာပါတယ်။
မစုမြတ်နိုး (၂၀၁၁-၂၀၁၂)၊ တက္ကသိုလ်ဝင်တန်းအောင်၊ ထိုမာရွာ၊ ကလေးမြို့။
*********************************
ဆရာ/ဆရာမ များ ၏ ဂုဏ်ကို ရည်ရွယ်ပြီး နှစ်စဉ်မပြတ် ကျင်းပ အမှတ်တရ လုပ်ပေးခဲ့တာ (၁၇) နှစ်ကြိမ်မြောက် ပြီ ပဲ ။ နောက်ထပ် နှစ်တွေမှာ ဆက်နွဲခွင့် ရချင်သေးတယ် နေသာကျောင်းရယ် ။
မအေးအေးအောင် (၂၀၀၇-၂၀၀၈) ။ B.A (English) ၊ အောင်မြေမာန်ရပ်ကွက် ၊ကလေးမြို့ ။
***************************************************
ယခင်နှစ်တွေက ဒီလိုအချိန်မျိုးဆို ကိုယ်တိုင်ပါဝင် လုပ်ကိုင်ဆောင်ရွက်နေခဲ့တာပါ ။ ခုတော့.....ဂျူနီယာတွေ ကိုလည်း နေရာပေးရင်း အလုပ်ကိစ္စ( သင်ကြားရေး ) တွေကလည်း တဖြည်းဖြည်း နဲ့ကိုယ်ပိုင်အချိန်တွေကို ၀ါးမြိုနေတော့ ....ယခင့်ယခင်နှစ်တွေကလို ကိုယ်တိုင် ပါဝင်ခွင့် မရနိုင်တော့ တာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့်လည်း (၁၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲနေ့ မှာကြာဇံဟင်းခါးချက်လေးကို (အစဉ်အလာမပျက် ) လာအားပေးနေဦးမှာပါလို့ .....။ သားတွေသမီးတွေနဲ့ ရောက်လာကြမယ့် သူငယ်ချင်းများကို မျှော်လင့်ရင်း.......။
ဆရာကျော် (၂၀၀၀-၂၀၀၁ နေသာကျောင်းသားကြီး )
**********************************************
အာစရိယပူဇော်ပွဲကို မတက်ရောက်နိုင်သော်လည်း နေသာကျောင်းသူဟောင်း တစ်ယောက်အနေဖြင့်
အမိနေသာကျောင်းတော်မှ ချစ်ခင်လေးစားရပါသော ဆရာတော် အရှင်ဘုရားနှင့် တကွ ဆရာ ၊ဆရာမ များအားလုံး ကိုကာယကံ၊ ဝစီကံ၊မနောကံ တပါး ပါးသောကံဖြင့် ပြစ်မှားမိသော် အပြစ်တို့ကို ခွင့်လွတ်ပေးရန်တောင်းပန်ရင်းရိုသေဦးချလက်စုံမိုး ဦးသုံးကြီမ်ချပါရစေ။
အမိနေသာကျောင်းတော်ကို တနေ့တချိန်မှာ တတ်နိုင်စွမ်းသည့်ဘက်မှ ပြန်လည်ကျေးဇူးဆပ်နိုင်ရန် ကြိုးစားပါမည်။
ဆရာ ဆရာမ များနှင့် သူငယ်ချင်းများ အားလုံး ကို ချစ်ခင်လေးစားသတိတရဖြင့်.................
မသူဇာဝင်း (၂၀၀၆-၂၀၀၇) .......ဖေ့စ်ဘုတ် ဝေါမှ ပြန်လည် ကူးယူပါသည်။
*************************************************************
Zaw Naing နေသာပညာဒါနသင်တန်းက ဘုန်းဘုန်းနှင့်တကွာ ဆရာ ဆရာမများသူငယ်ချင်းများအားလုံးကို အမမြဲသတိရနေပါတယ်.......အဝေးကပဲ အာစရိယ ဂုဏံ အဟံဝန္ဒာမိပါ...ကန်တော့ပါတယ်ခင်များ.......( ဖေ့စ်ဘုတ် ကော့မက်မှ ပြန်လည်ကူးယူပါသည်။ )
*************************************
Victor KoKo ဘုန်းဘုန်းနဲ့တကွ ဆရာ/မများအားလုံး ချမ်းသာအစစ်၊ သုခအစစ်ကို ရရှိခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်း ရိုသေဝပ်တွားလျှောက်ထား ကန်တော့လျှက်...
*****************************
ကျွန်ုတို့အား ရင်နှင့်ရင်းလို့ မေတ္တာဓာတ်ခြုံ ဘ၀ရှေ့ရေးဖြောင့်ဖြူးရေးကို ရည်ရွယ်မှန်းကာ ပီတိစားလို့ အိုးထိန်းသည်တသွင် မိဘလိုတစ်မျိုး မောင်နှမလို့တသွယ် စမ်းရေအလား အေးမြမေတ္တာဖြန့်ကာဝေ ဂုဏ်အင်ငါးပါးမကသေးပဲ နာသုံးနာလည်း မချွတ်ရအောင် ပေးဝေပညာမျှကာနေသည့် နေသာဆိုသော ပညာဒါနပန်းခင်းထဲမှ အနန္တဂိုဏ်ဝင်ဆရာများအား ရိုသေ၀တ်တွား ညွှတ်တွားခယ ကိုယ်နှိမ့်ချ ရှိခိုးကော်ယော် ပန်းဖူးအသွင် လက်အုပ်တင်လို့ ၁၇ နှစ် ရှည်ကြာတင့်အောင် ဦးဆောင်ပေးသော ဆရာတော်နှင့် ပညာဖြန့်ဝေတပည့်မရှား ဆရာ/မအား အဝေးမှနေ ဗုဒ္ဓမြတ်စွာ ဦးထိပ်ပန်ဆင် ကန်တော့ပန်းဆင်အပ်ပါသည် ဆရာဆရာမများ ခင်ဗျား...
ပိုင်စိုး(NDWC 2000) မလေးရှား
***************************************
Offspring Oak Soe ဆရာတွေကို ရင်ထဲကနေအမြဲသတိရလျက်...လေးစားလျက်....ကြည်ညိုလျက်ပါ..
***************************************
Shine Htet Aungposted
အမှတ်တမဲ့တွေက တကယ့်ကိုအမှတ်ရစရာတွေဖြစ်နေပြီး...
**************************************
ဒီနေ့ပွဲမတက်တက်နိုင်ပေမဲ့နေသာကဆရာကြီးဆရာမကြီးများကိုအဝေးကနေကျွန်တော်ကန်တော့လျှက်ပါ ။ နောက်ထပ်ပွဲတွေမှာသားသားမီးမီးလေးတွေနဲ့အတူလာခဲ့မယ် (2002-2003) Win Nwe facebook...မှ ......( ၁၈-၁၁-၂၀၁၂) နေ့
**********************************************************
ဒီနေ့ ရောက်လာတဲ့ အမှတ်တရ စကားများ....(၁၈-၁၁-၂၀၁၂)
ဆရာကန်တော့ ပွဲကို နှစ်စဉ်နှစ်တိုင်း တက်ရောက် ကန်တော့ ခွင့်ရခြင် ပါတယ်။ နေသာပညာဒါနမှာ ပညာသင်ကြားခွင့် ရခဲ့တာကို ဘယ်တော့မှ မမေ့ ဘူး ။
အောင်သူရိန်ထွန်း ( ၂၀၀၀-၂၀၀၁) ။ ချမ်းမြေ့ အောင်စည် ရပ်ကွက်၊ပင်လုံလမ်း မတော် ၊ကလေးမြို့
ိ*********************************************
(၁၅) နှစ်ပြည့် တုန်းက “မြတ်ဆရာ” သီချင်းဆိုတော့ မျက်ရည်လည် မိသေးတယ်။ (၁၇) နှစ်ပြည့် ဆရာကန်တော့ ပွဲမှာတော့............။
ကျော်နိုင်လင်း -ရှေ့နေ- ( ၁၉၉၉-၂၀၀၀) ပညာသင်နှစ် ၊ မင်္ဂလာဥယျဉ်ရပ်ကွက် ကလေးမြို့
****************************************
မပျက်မကွက် နှစ်စဉ်နှစ်တိုင်း တက်ရောက်နိုင်အောင် အမြဲတမ်း ဆုတောင်းနေမယ့် အရာ “ ဒီနေ့လို မြတ်ဆရာ ကန်တော့ပွဲ ” ပါပဲ ..။
မသက်သက်အောင် ( ၂၀၀၄-၂၀၀၅ ) ညောင်ပင်သာရပ် ။
**************************************
ဘယ်နေရာ ၊ဘယ်ဒေသ ရောက်ရောက် “မြတ်ဆရာ ” သီချင်းကို နှစ်တိုင်ပါဝင် သီဆိုချင်ပါတယ်။ ဘယ်အခြေအနေကိုပဲ ရောက်ရောက် ဆရာတွေကို အမြဲ ရိုသေလေးစားကန်တော့ လျှက်ပါ ။
ဒေါက်တာချမ်းသာ (၁၉၉၉-၂၀၀၀) ။ မေတ္တာဆေးရုံ ၊တာဟန်း ၊ အကျဉ်းဦးစီးဌာန ၊ကလေးမြို့
*************************************
ဆရာ/ဆရာမများကို ကန်တော့ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ၁၀တန်း အတူတက်ခဲ့တဲ့သူငယ်ချင်းတွေကိုလဲ သတိရမိပါတယ်။
မသင်းသင်းခိုင် (၂၀၀၂-၂၀၀၃)၊ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကလေးမြို့။
*********
နေသာကျောင်းသူဖြစ်ခွင့်ရခဲ့တာ အရမ်းကျေနပ်မိပါတယ်။ ကုသိုလ်မျိုးစုံလုပ်ခွင့်ရခဲ့တာ ဘာနဲ့မှလဲလှယ်လို့မရတဲ့ ကိစ္စပါ။ ရင်ထဲမှာ ပြောချင်တာတွေ မကုန်သေးပါ....။
မနှစ်ဦးမေ (၁၉၉၉-၂၀၀၀)၊ အောင်မင်္ဂလာ၊ကလေးမြို့။
***********
(၁၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားမှာ ၂၀၀၆-၂၀၀၇ ပညာသင်နှစ်ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ပါဝင်ဆင်နွှဲခွင့်ရတာ ပျော်ရွှင်ဝမ်းသာမိပါကြောင်း....။
မောင်အာကာဦး (၂၀၀၆-၂၀၀၇)၊ အောင်သစ္စာ၊နယ်မြေ(၅)၊ကလေးမြို့။
*****************************
ဆရာဆရာမများ ကြီးပွားတိုးတက်ပါစေကြောင်းနဲ့ ၊ တပည့်အပေါင်းလည်း ကြီးပွား စေကြောင်း ရိုးရာမပျက် တာကို ၀မ်းသာစရာကောင်းကြောင်းပါပဲဗျ
ကိုမျိုးဇော်ထွေး(၁၉၉၆-၁၉၉၇)၊ညောင်ပင်သာရပ်ကွက်၊ ကလေးမြို့။
**********
Medi-myanmar Co.Ltd; ဆရာကန်တော့ပွဲကို နှစ်တိုင်းတက်ရောက်ချင်ပါတယ်။ အဝေးရောက်နေရေင်လည်း မြတ်ဆရာများနေ့မှာ စိတ်ကရည်မှန်းကန်တော့လျက်ပါ။
မအိအိခိုင်(၂၀၀၇-၂၀၀၈)၊အောင်မြေမာန်၊ကလေးမြို့။
**********
Senior / Junior တွေနဲ့အတူ ဘုန်းဘုန်းနှင့်တကွ ဆရာ/ဆရာမအားလုံးကို နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာ ကန်တော့ချင်ပါတယ်။
မောင်မင်းသန်းဦး (၂၀၀၄-၂၀၀၅)၊ ညောင်ပင်သာရပ်ကွက်၊ ကလေးမြို့။
***************
“ နေသာ” ကိုရောက်ရင် ကိုယ့်အိမ်ကို ရောက်သလိုပဲ၊ ခွဲခွာသွားရင်လည်း အိမ်နှင့် ခွဲရသလိုခံစားရတယ်။ နှစ် (၂၀)ပြည့်လို့ နားတော့မယ်ဆိုတော့ ကျွန်တော့်မိသားစု တစ်စစီပြိုကွဲပျက်စီးသွားသလိုမျိုး ဆို့နင့်ခံစားရတယ်ဗျာ...။ (၁၇)နှစ်ဆိုတော့ ဘယ်လောက်မှ မလိုတော့ပါလား ...။
မောင်ဇင်မင်းထွန်း(၂၀၀၈-၂၀၀၉)၊ အောင်မြင်သာရွာ၊ ကလေးမြို့။
**********************************
အာစရိယပူဇော်ပွဲကို မရောက်လာနိုင်ပေမယ့် အဝေးကနေပဲ သတိရနေလျှက်ပါ အသေးစိပ်နီးပါအားလုံးကို သတိရနေပါတယ်
ပွဲအတွက်လိုအပ်တာလေးတွေလိုက်လုပ်ပေးရတာတွေ ပြီးတော့ လာတဲ့ဧည့်သသ်ူတွေ့ကို ကြာဇံကျွေးရတာတွ
အားလုံးနီးပါးပါပဲ။ အဝေးရောက်နေမှ ပွဲအစီအစဉ်အားလုံးကို မှတ်မိနေတယ် သတိရနေတယ် မြတ်ဆရာ သီချင်းကို လည်းသတိ၇လျှက်.....
မခက်လှ (၂၀၀၅-၂၀၀၆)၊ခေတ္တ ရန်ကုန်။
*******************************
Chan Thar
ကျောင်းသားဟောင်းတယောက်အနေနဲ့ ဆရာဟောင်းတွေကိုမျှော်နေမိတယ်။နေရာတိုင်း မျိုးဆက်သစ်တွေတာဝန်ယူလုပ်နေတာတွေ့တော့ အလှမ်းဝေးနေတဲ့ကံကြမ္မာကို....
****************
နေသာဆိုတာ ဘ၀လှေကားထစ်တွေထဲက တစ်ခုပါ။ အောင်မြင်ဖို့ လမ်းစဆိုရင်လည်း ပြောလို့ရပါတယ်။
မစုမီခိုင်(၂၀၀၁-၂၀၀၂)၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကလေးမြို့။
**************************************
နေသာရဲ့အစဉ်အလာတို့ရဲ့ အစဉ်လာတစ်ခုပဲပေါ့။
မရီရီပြုံး(၂၀၀၀-၂၀၀၀၁)၊ အောင်မင်္ဂလာ၊ကလေးမြို့။
*************
“ငုပ်မိသဲတိုင်း တက်နိုင်ဖျားရောက်၊ အချိန်မီချုပ်၊ အစုပ်သက်သာ” ဆိုတဲ့စကားပုံအတိုင်း လက်ရှိအခြေအနေဘ၀မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါလို့ ဆန္ဒပြုချင်ပါတယ်။
မထွေးထွေးမာ(၂၀၀၀-၂၀၀၁)၊ အောင်မြေမာန်ရပ်ကွက်၊ကလေးမြို့။
************************
အတိုင်းမသိဝမ်းသာမိပါတယ်။
မသီသီအောင်(၂၀၀၀-၂၀၀၁)၊ အောင်မြေမာန်ရပ်ကွက်၊ကလေးမြို့။
*****************
ဆရာ/ဆရာမတွေကို စုပေါင်းကန်တော့ရတဲ့အတွက် ၀မ်းသာမိပါတယ်။
မနုနုဝင်း(၂၀၀၀-၂၀၀၁)၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ကလေးမြို့။
*************************
ယခုလို ဆရာ/ဆရာမ အများစု ကို တစုတဝေး တည်းကန်တော့ ခွင့်ရသလို ၊ နှစ်ဟောင်းကျောင်းသား / ကျောင်းသူ ဟောင်းများ ယခုနှစ် သင်ကြားနေဆဲ မောင်ငယ်၊ညီမငယ် ၊ များ နှင့် တွေ့ ဆုံရလို့ အရမ်းဝမ်းသာ ကြည်နူးမိပါတယ်။ ဒီနေ့လို (၁၇)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ အခမ်းအနား မှသည် နောင်နှစ်ပေါင်း များစွာတိုင် ဘုန်းဘုန်း ၊ ဆရာ/ဆရာမ တို့ ၏ ဆုံးမ သြ၀ါဒ စကားလုံးများကို မှတ်သားနာယူခွင့် ရချင်ပါသည်။ ဒီအစဉ်အလာကောင်း ရေရှည်တည်တံ့နေစေဖို့ မျှော်လင့် ဆုတောင်းမိပါတယ်။
မဇာဖြူထွန်း ၊ သူနာပြုဆရာမ ၊ ကလေးဆေးရုံ ။
*******************************************
ဘ၀အတွက် ၊ စိတ်ဓါတ်ခွန်အား တွေ ရတဲ့ အတွက် အရမ်းပျော်ပါတယ်။ နှစ်စဉ်တိုင်းလည်း ဆရာကန်တော့ ပွဲကို လာရောက်နိုင်အောင်ကြိုးစားပါ့မယ်။
မယုမီမီခိုင် (၂၀၀၈-၂၀၀၉ ) ကျောင်းတိုက်ရွာ ။ ကလေးမြို့ ။
************************************************************
ဆရာကန်တော့ ပွဲ (၁၇) ကြိမ်မြောက် ရှိပြီဆိုတော့ နေသာပညာဒါန သင်တန်း လည်း (၁၇) နှစ် ရှိပါပြီ ။ ကျွန်တော်ကတော့ သင်ယူသူအနေ နဲ့ သာမက ၊ ကြားသူအဖြစ် နဲ့ ပါဝင်နေတဲ့ ဒီသင်တန်း ကြီး ရဲ့ ကန်တော့ ပွဲမှာ ပါဝင် ခွင့် ရတဲ့ အတွက် ၀မ်းသာမိပါတယ်။
ကိုကျော်ခိုင်ဝင်း (၁၉၉၇-၁၉၉၈) ၊ ရွှေဥဒေါင်းလမ်း ၊ အောင်မြေမာန်ရပ် ၊ ကလေးမြို့
***************************************
၁၈-၁၁-၂၀၁၂ တနင်္ဂနွေ နေ့မှာ ကျင်းပတဲ့ ၁၇ကြိမ်မြောက် ကန်တော့ ပွဲ ကိုတက်ရောက် ရတဲ့အတွက် အရမ်းကို ကျေနပ်ပီတိ ဖြစ်မိသလို တစ်ပြိုင်နက်ထည်း ၀မ်းနည်းမိပါတယ်။ ၀မ်းသာရတဲ့ အကြောင်းအရင်းက “ ကိုယ်ဘယ်လောက်အသက်ရှင်မလဲ ၊ ဘယ်လောက် လုပ်ခွင့် ရှိမလဲ ဆိုတာ ပြောသွား တဲ့ အတွက် ဘ၀မှာ တစ်ခါမှ မစဉ်းစားဖူး တာတွေ စဉ်းစားစေမိပြီး ၊ ကိုယ်ဘာမှ မလုပ်ရသေးဘူး ဆိုတာ တွေးမိစေလို့ ပါ။ ၀မ်း နဲ ရခြင်း အကြောင်းက တော့ ကိုယ့်နှစ်က သူငယ်ချင်းတော်တော် များများကို မမြင် ၊ မတွေ့ ရတော့ လို့ ပါပဲ ။ ။
မသဲစုလှိုင် ( ၂၀၀၇-၂၀၀၈ ) ညောင်ပင်သာရပ်ကွက်
***************************************
အတိုင်းမသိ ၀မ်းသာမိပါတယ်...။
ကိုကျော်မင်းသူ (၂၀၀၇-၂၀၀၈)
**********************************
သူငယ်ချင်းတွေနဲ့အတူတူ ဆရာ၊ဆရာမတွေကို ကန်တော့ခွင့်ရတဲ့အတွက်ဝမ်းမြောက်မိပါတယ်...။
ကိုနေမင်းထွန်း (၂၀၀၇-၂၀၀၈)
**********************************
ဆရာ၊ ဆရာမများကို ကန်တော့ရတဲ့အတွက် ၀မ်းသာပီတိဖြစ်မိပါတယ်...။
မခင်သီတာထွေး (၂၀၀၅-၂၀၀၆)
*************************
ကန်တော့ရတဲ့အတွက် ပီတိဖြစ်မိတယ်...။
မဟေမာန်ဦး (၂၀၀၅-၂၀၀၆)
*********************************
ယခုလိုဆရာကန်တော့ပွဲမှာ သူငယ်ချင်းဟောင်းတွေနဲ့အတူ ဆရာကန်တော့ခွင့်ရတဲ့အတွက်အရမ်းဝမ်းသာပါတယ်...။
မခင်မာဌေး (၂၀၀၅-၂၀၀၆)
********************************
ဆရာကန်တောပွဲမှာ သူငယ်ချင်းတွေနဲ့အတူ ဆရာ/ဆရာမတွေကို ကန်တော့ရတဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီထက်ပိုပြီး ၀မ်းသာမိတာက ဆရာ/ဆရာမ၊ အစ်ကို/အစ်မတွေ၊ မောင်လေး/ညီမလေးတွေနဲ့အတူ ဘုရားဒါယကာ၊ ဒါယကာမအဖြစ် ခံယူခွင့်ရတာကိုပါပဲ။
မကြွယ်ကြွယ်အောင်၊ မနီလာဝင်း၊ မခိုင်ဇင်အေး (၂၀၀၅-၂၀၀၆)
***********
အရမ်းပဲဝမ်းသာမိပါတယ်။ ဆရာကန်တော့ပွဲမှာ ဆရာ/ဆရာမတွေရော သူငယ်ချင်းတွေရော အားလုံးကို တွေ့ရပါတယ်။ နှစ်တိုင်းမလာနိုင်တော့ ၀မ်းနည်းစရာပါ။ ဘုန်းဘုန်းပြောသလို ဘာသာ၊လူမျိုး၊တိုင်းပြည်ကို ကာကွယ်နိုင်အောင် ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။
မရီရီဝင်း(၂၀၀၈၂၀၀၉)၊အောင်ဇေယျရပ်၊ကလေးမြို့။
********************************
ဆရာ/ဆရာမများနှင့် သူငယ်ချင်းများကို တွေ့ရတာ အရမ်းပဲ ၀မ်းသာမိပါတယ်။ အမျိုးဘာသာ၊သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကြိုးစားသွားပါမယ်။
မအိအိဖြိုး(၂၀၀၈-၂၀၀၉)
*****************
No comments:
Post a Comment