ဘ၀မှာ အကြိမ်ကြိမ်လဲပြိုကျ
ဒါပေမယ့် သားတို့ သမီးတို့လို့ ခေါ်ရင်း
ပြန်ထခဲ့တဲ့ အမေ
လောကဓံကို ခါးစည်းခံ မုဆိုးမဆိုတဲ့ ဂုဏ်ကိုပိုက်
ပတ်ဝန်းကျင်ရဲ့ ရိသဲ့သဲ့ပြုမူမှုကို ရင်ဆိုင်ခဲ့တဲ့ အမေ
အဖေဟာ သူပါ အမေဟာသူပါ
ရင်ဘတ်ကိုပုတ်ပြ ရင်မှာထွေး
သားသမီးတွေကို ငါးကြော်နဲ့ ကျွေး
ပိန္နဲစေ့ပြုတ်(၃)စေ့နဲ့ ထမင်းစားခဲ့တဲ့ အမေ
သတိမထားမိခဲ့တဲ့ အမေ့ရဲ့ ဇရာ
ကံကြမ္မာရဲ့ ဖိစိးမှုကြောင့် ဆံဖြူပြီး ပါးရေအနည်းငယ်တွန့်နေလေရဲ့
ဒါပေမယ့်
သားသမီးတွေရဲ့ ၀န်ကို ခါးကျိုးမတက်ထမ်းရင်
မျှော်လင့်ချက်အရောင်းအရောင်တဖိတ်ဖိတ်တောက်နေတဲ့
အမေ့မျက်လုံးများ
အားကိုးရမယ့် ငါ့ကလေးတွေဆိုတဲ့
တွေးကြည့်ရင်း အားတက်လာမိတယ်
စိတ်ချပါ အမေ
အမေ့ရဲ့ ယုံကြည်ချက်၊ အမေ့ရဲ့ မျှော်လင့်ချက်
မပျက်သုဉ်းစေရပါဘူး
အစဉ်အမြဲကြိုးစားသွားပါ့မယ် . . . မေမေ

No comments:
Post a Comment